အံစာတုံးဂိမ်း - Dice Game (Hoo Hey How)
ဒီဂိမ်းကိုအံစာတုံးပေါ်မှာအကောင်ပုံလေးတွေထည့်ပြီးဆော့ရခြင်းကြောင့် အံစာတုံးဂိမ်း ( Dice Game ) ဆိုပြီးခေါ်ကြပါတယ်။ တစ်ချို့ဒေသတွေမှာတော့ လေးကောင်ဂျင် ဆိုပြီးလည်း ခေါ်ကြပါသေးတယ်။ အံစာတုံးရဲ့ မျက်နှာပြင်ခြောက်ဖက်မှာ နံပါတ်တွေအစား ငါး၊ ပုစွန်၊ ဂဏန်း၊ ကျား၊ ကြက် နှင့် ဘူးသီး စသည့်အကောင် 6 မျိုးကနေရာယူထားတာပါ။ ဂိမ်းစည်းမျဉ်း ဒိုင်ကအံစာတုံး 3 တုံးကိုပန်းကန်ပြားတစ်လုံးထဲထည့်ပြီးခွက်တစ်ခုနဲ့အုပ်မွှေထားပါတယ်။ လောင်းကြေးထည့်ရန်အတွက်ကတော့ စားပွဲခုံပေါ်မှာ အကွက်လေးတွေချထားပြီး အထဲမှာအကောင်ပုံလေးတွေရေးဆွဲထားပါတယ်။ လောင်းကြေးထည့်မည့်သူက ကိုယ်လောင်းချင်တဲ့အကောင်ပုံရေးဆွဲထားတဲ့ အကွက်ထဲမှာကိုယ့်ရဲ့လောင်းကြေးကိုထည့်ရုံပါပဲ။ အံစာတုံးတွေကိုဖွင့်လိုက်တဲ့အချိန်မှာ ကိုယ်လောင်းထားတဲ့အကောင်နဲ့ အံစာတုံးကအကောင်နဲ့တူနေရင်တော့အနိုင်ရရှိမှာဖြစ်ပါတယ်။ လျော်ဆတွေတော့ကွဲပြားပါသေးတယ်။ အောက်ကပုံမှာကြည့်ပါ... ဥပမာမိတ်ဆွေကကြက်ကို 100 လောင်းထားတယ်ဆိုပါစို့...အံစာတုံးဖွင့်တဲ့အချိန်မှာ အံစာတုံး 1 တုံးမှာကြက်ပါနေရင်လောင်းကြေးရဲ့ 1:1 အဖြစ် 100 အလျော်ရမှာပါ။ အံစာတုံးနှစ်တုံးမှာကြက်ပါနေရင်...