Posts

Showing posts from October, 2019

ငါးပစ်ဂိမ်းတွင်အနိုင်ရစေမည့်ဗျူဟာများ

Image
အခုဆိုရင် မြန်မာနိုင်ငံမှာ ငါးပစ်ဂိမ်း ကစားသူတွေ တဖြည်းဖြည်းနဲ့များလာပါပြီ။ နောက်ပိုင်းမှာ ငါးပစ်ဂိမ်းပုံစံတွေလည်းအမျိုးမျိုးထွက်လာပါတယ်။ ဒါပေမယ့်သူ့ရဲ့ အမှတ်ပေးပုံတွေကတော့အများအားဖြင့် တူကြပါတယ်။ ငါးပစ်ဂိမ်းအကြောင်းရေးထားတဲ့စာတွေ တော်တော်များများဖတ်ဖူးပေမယ့် အဖြစ်သဘောမျိုးရေးကြတာများပါတယ် အတွင်းကျကျရေးထားတယ်ရယ်လို့သိပ်မတွေ့ရဘူး။ နောက်ပြီးတစ်ချို့ကလည်း မှားယွင်းတဲ့အကြောင်းအရာတွေကို မျှဝေထားတတ်တယ် သူတို့ကိုယ်တိုင်ကလည်း မှားယွင်းစွာသိထားကြလို့ပါ။ ကျွန်တော်ငါးပစ်ဂိမ်းကစားလာတာ 3 နှစ်လောက်ရှိပြီဖြစ်ပြီး ငါးပစ်ဂိမ်းခုံပြင်တဲ့စက်ပြင်ဆရာတွေနဲ့လည်း အနည်းငယ်သိကျွမ်းပြီးစကားပြောဖူးပါတယ်။ ဒါကြောင့်ဒီနေ့ ငါးပစ်ဂိမ်းအကြောင်းအမှန်အကန်များကို မျှဝေချင်ပါတယ်ဗျာ။ ဒီ့ထက်ပိုပြီးသိချင်တယ်ဆိုရင်လည်း google မှာအသေးစိတ်ရှာဖတ်လို့ရပါတယ်။ ငါးပစ်ဂိမ်းရဲ့သဘောတရား ငါးပစ်ဂိမ်း မှာပုံမှန်အားဖြင့် သဘောတရားနှစ်ခုပုံစံနဲ့ လည်ပတ်ပါတယ်။ အဲ့သဘောတရားနှစ်မျိုးကတော့ Pumping Rate & Stock ဆိုတဲ့သဘောတရားများပါ။ Pumping Rate အကြောင်းကိုနားလည်အောင်ပြောရမယ်ဆိုရင် ဥပမာကစားသမားတစ်ဦးက အမှတ် 100 ပစ်လိုက်ပြီဆိုရင် System အတ...