ငါးပစ်ဂိမ်းတွင်အနိုင်ရစေမည့်ဗျူဟာများ

အခုဆိုရင် မြန်မာနိုင်ငံမှာ ငါးပစ်ဂိမ်း ကစားသူတွေ တဖြည်းဖြည်းနဲ့များလာပါပြီ။ နောက်ပိုင်းမှာ ငါးပစ်ဂိမ်းပုံစံတွေလည်းအမျိုးမျိုးထွက်လာပါတယ်။ ဒါပေမယ့်သူ့ရဲ့ အမှတ်ပေးပုံတွေကတော့အများအားဖြင့် တူကြပါတယ်။ ငါးပစ်ဂိမ်းအကြောင်းရေးထားတဲ့စာတွေ တော်တော်များများဖတ်ဖူးပေမယ့် အဖြစ်သဘောမျိုးရေးကြတာများပါတယ် အတွင်းကျကျရေးထားတယ်ရယ်လို့သိပ်မတွေ့ရဘူး။ နောက်ပြီးတစ်ချို့ကလည်း မှားယွင်းတဲ့အကြောင်းအရာတွေကို မျှဝေထားတတ်တယ် သူတို့ကိုယ်တိုင်ကလည်း မှားယွင်းစွာသိထားကြလို့ပါ။ ကျွန်တော်ငါးပစ်ဂိမ်းကစားလာတာ 3 နှစ်လောက်ရှိပြီဖြစ်ပြီး ငါးပစ်ဂိမ်းခုံပြင်တဲ့စက်ပြင်ဆရာတွေနဲ့လည်း အနည်းငယ်သိကျွမ်းပြီးစကားပြောဖူးပါတယ်။ ဒါကြောင့်ဒီနေ့ ငါးပစ်ဂိမ်းအကြောင်းအမှန်အကန်များကို မျှဝေချင်ပါတယ်ဗျာ။ ဒီ့ထက်ပိုပြီးသိချင်တယ်ဆိုရင်လည်း google မှာအသေးစိတ်ရှာဖတ်လို့ရပါတယ်။

ငါးပစ်ဂိမ်းရဲ့သဘောတရား

ငါးပစ်ဂိမ်း မှာပုံမှန်အားဖြင့် သဘောတရားနှစ်ခုပုံစံနဲ့ လည်ပတ်ပါတယ်။ အဲ့သဘောတရားနှစ်မျိုးကတော့ Pumping Rate & Stock ဆိုတဲ့သဘောတရားများပါ။ Pumping Rate အကြောင်းကိုနားလည်အောင်ပြောရမယ်ဆိုရင် ဥပမာကစားသမားတစ်ဦးက အမှတ် 100 ပစ်လိုက်ပြီဆိုရင် System အတွက်အမှတ်အနည်းငယ်ချန်ပြီး ကျန်တဲ့အရေအတွက်ကိုပဲပြန်လျော်တတ်ပါတယ်။ Stock ရဲ့သဘောတရားကတော့ ဂိမ်းစတင်လည်ပတ်တဲ့အချိန်ကစပြီး အကန့်အသတ်တစ်ခုထားထားပါတယ် ဥပမာပြောရရင် ဂိမ်းစတင်လည်ပတ်တဲ့ အချိန်မှာ လျော်မှတ်ကို အမှတ် 1000 ကနေစလျော်ဖို့ System ကသတ်မှတ်ထားပါတယ်။ ဒီအချိန်မှာ ကစားသမား A က အမှတ် 500 နိုင်သွားတယ်ဆိုပါစို့ ဒါဆိုနောက်ကစားသမားတွေအတွက် အမှတ်ပေးဖို့ ရာခိုင်နှုန်းပိုနည်းသွားပါတယ်။ ပြီးတော့ကစားသမား B နဲ့ C ကတစ်ယောက်ကို အမှတ် 500 စီရှုံးသွားတယ်ထားလိုက်ပါစို့ ဒီချိန်မှာဆိုရင် System ရဲ့ Stock က 1000-500+500+500=1500 ဖြစ်သွားပါတယ်။ ဒီအချိန်မှာ System ကအမှတ်ပိုပေးနိုင်တဲ့အချိန်ကောင်းဖြစ်နေပါပြီ ဆိုလိုချင်တာက အဲ့လိုအခြေအနေမှာသွားဆော့မယ်ဆိုရင် အနိုင်ရဖို့ဖြစ်နိုင်ခြေများပါတယ်။ ဒါကြောင့်ငါးပစ်ဂိမ်းကစားတဲ့အခါမှာ တခြားကစားသမားတွေရဲ့ အရှုံးအနိုင်အခြေအနေကိုလည်း သုံးသပ်ဖို့လိုအပ်ပါတယ်။ တကယ်လို့တခြားကစားတွေအရမ်းနိုင်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ ငါးပစ်ဖို့ခဏစောင့်ဆိုင်းသင့်ပြီလို့ထင်ပါတယ်။

ငါးပစ်ဂိမ်းကိုပုံမှန်အားဖြင့် အပိုင်းဘယ်နှစ်ပိုင်းခွဲထားသလဲ ?

ငါးပစ်ဂိမ်း မှာပုံမှန်အားဖြင့် " လျော်တဲ့အခြေအနေ" ၊ " စားတဲ့အခြေအနေ " ၊ " မလျော်မစားဘဲငြိမ်နေတဲ့အခြေအနေ " ဆိုပြီး 3 ပိုင်းခွဲထားပါတယ်။ စားတဲ့အခြေအနေမှာဆိုရင်တော့ ကျွန်တော်တို့ဘယ်လိုပဲပစ်ပစ်ငါးတွေကမသေပါဘူး။ မလျော်မစားအခြေအနေမှာကတော့ နိုင်လည်းမနိုင်ဘူး ရှုံးလည်းမရှုံးတဲ့အခြေအနေမျိုးမှာပဲလည်နေတတ်ပါတယ်။ လျော်တဲ့အခြေအနေမှာကတော့ မျက်စိမှိတ်ပစ်ရင်တောင်ငါတွေသေပြီး နိုင်နေတတ်ပြန်ပါရော။ ငါးပစ်ရဲ့သဘောတရားကတော့ တခြားလူတွေရဲ့ရှုံးတဲ့အမှတ်ကို System ကအရင်စားပြီးမှ ကစားသမားတွေဘက်ကိုစုပြုံပြီး ပြန်လျော်တတ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် ကစားသမားတွေရဲ့ဆော့ချင်စိတ်ကို ပိုပြီးလှုံ့ဆော်ပေးပါတယ်။ ဒါကြောင့်သင်နိုင်တဲ့အမှတ်က တခြားကစားသမားတွေရဲ့ရှုံးတဲ့အမှတ်ပဲဖြစ်ပါတယ်။ နောက်ဆုံးခြုံပြောရရင် System အတွက်ကအမြဲတမ်းအမှတ်ချန်ထားတတ်ပါတယ်။ အမှတ်အများကြီးလျော်ပေးတဲ့အချိန်မှာတော့ ငါးတွေကသေလွယ်နေတော့ သိပ်ကိုအားရကျေနပ်ဖွယ်ကောင်းပြီး ကိုယ့်ဆီကပြန်စားတဲ့အချိန်ရောက်လာတော့ ဘယ်ချိန်မှာများပြန်လျော်ပေးမလဲဆိုပြီး ဆော့ရင်းဆော့ရင်းနဲ့ အရှိန်မသပ်နိုင်တော့ပဲပိုပိုပြီး ရှုံးသွားတတ်ပါတယ်။


ကစားသမား A ကအမှတ်အများကြီးရှုံးထားလို့ ကိုယ်သွားဆော့တဲ့အချိန်နိုင်ကိုနိုင်မယ်လို့လည်း ပုံသေတွက်လို့မရပါဘူး။ တစ်ခါတစ်လေ System က Stock ကို 0 ကနေပြန်စတာလည်းဖြစ်တတ်ပါတယ် အကြောင်းကတော့ စားပြီးရင်လျော်တယ် လျော်ပြီးရင်စားတယ်ဆိုပြီး အမြဲတမ်းပုံသေကြီးပဲသွားနေရင် ကစားသမားတွေအတွက် ခန့်မှန်းဖို့အရမ်းလွယ်ကူစေလို့ပါ။ ဒါပေမယ့် အဲ့လိုမျိုး 0 ကနေပြန်စတဲ့အခြေအနေကတော့ရှားပါးတယ် တစ်ခါတစ်လေမှဖြစ်တတ်တာပါ။

အမှတ်ပေးမယ့်အချိန်ကို ဘယ်လိုခန့်မှန်းကြမလဲ ???

ကိုယ်မဆော့ခင်ဘေးကနေပြီး တခြားကစားသမားတွေဆော့တာကို အရင်လေ့လာကြည့်လို့ရပါတယ်။ ဒါမှမဟုတ်အစပိုင်းမှာ ကျည်ဆံအသေးသုံးပြီးစမ်းပစ်ကြည့်ရင်းလည်း လေ့လာကြည့်ပါ။ အကယ်၍ငါးတွေသေတာမြန်လာပြီဆိုရင် ကျည်ဆံအကြီးပြောင်းပြီးပစ်လို့ရပြီ။ ငါတွေမသေတော့ဘူးလို့ထင်ရတဲ့အချိန်ရောက်ရင် ကျည်ဆံကိုအသေးပြန်ပြောင်းလိုက်ပါ။ အဲ့လိုမဟုတ်ဘဲ ကျည်ဆံကိုအသေးအကြီးမပြောင်းပဲ တစ်မျိုးတည်းပဲပစ်နေရင် ရှုံးမှာအသေအချာပါပဲ။ အထက်ပါနည်းလမ်းအတိုင်း ချင့်ချိန်ပြီးလောဘကိုလည်း ထိန်းချုပ်ပြီးဆော့တတ်ရင် နိုင်ဖို့အခွင့်အလန်းများပါတယ်။ အကယ်၍အတိုင်းအတာတစ်ခုအထိ နိုင်နေပြီဆိုရင် ဆက်မဆော့တော့ဘဲ ရပ်လိုက်သင့်ပြီ။ အများအားဖြင့်ကစားသမားတွေက ဒီသဘောတရားကိုနားလည်ပေမယ့်လည်း နိုင်လာတဲ့အခါမှာစိတ်ကိုမထိန်းနိုင်ကြဘူး။


ငါးပစ်တဲ့စိတ်အနေအထား

ငါးပစ်ဂိမ်းကစားသူတွေအနေနဲ့ မိမိတို့စိတ်ကိုထိန်းနိုင်ကြမယ်ဆိုရင် ကိုယ့်အတွက်အကျိုးအမြတ်အများကြိးရှိပါတယ် ရှုံးခဲ့တယ်ဆိုရင်တောင်မှအများကြီးမရှုံးနိုင်ပါဘူး။ တစ်ခါတစ်လေမှာရှုံးနေပြီဆိုရင် ဘယ်အချိန်မှာအရင်းပြန်ရမလဲဆိုတဲ့စိတ်၊ အမှတ်ဘယ်အချိန်ပေးမလဲဆိုတဲ့စိတ်နဲ့ မစဉ်းစားနိုင်တော့ဘဲ တွေ့ရာငါးအကုန်ပစ်ရင်း ရှိတဲ့အမှတ်ကုန်တဲ့အထိ ရှုံးမဲ မဲပြီးဆော့တတ်ကြပါတယ်။ ဒီအချိန်မှာအပေါ်ကပြောခဲ့တဲ့သဘောတရားတွေကအလကားဖြစ်သွားပါပြီ ဘာကြောင့်လဲဆိုတော့ ကစားသူရဲ့စိတ်ထဲမှာဆင်ခြင်နိုင်စွမ်းမရှိတော့ဘဲ လောဘတွေပဲလွှမ်းမိုးထားလို့ပါ။ ငါးပစ်တယ်ဆိုတာက အပျော်တမ်းကစားတာပဲဖြစ်ပါတယ် စီးပွားရေးလုပ်သလိုမျိုး ပိုက်ဆံရှာဖို့အတွက်ဆိုပြီးသဘောမထားပါနဲ့။ စိတ်ကိုထိန်းနိုင်မယ်ဆိုရင်တော့ အပျော်တမ်းကစားရင်းနဲ့ အမြတ်လေးလည်းရမှာပေါ့နော်။

Comments

Post a Comment

Popular posts from this blog

FHM95 ဂိမ်းအကောင့်ဖွင့်ရန်

အံစာတုံးဂိမ်း - Dice Game (Hoo Hey How)